Ruijie Cloud 7.2 Version Launched

 


Ruijie Cloud AI Leads The Way (Version 7.2)

ယခုဆိုရင် Ruijie Cloud ဟာ Version 7.2 ကိုထွက်ရှိလာပြီဖြစ်ပါတယ်။ Updated ဖြစ်လာတဲ့ AR Foaming, AR HUD, AI Heatmap နဲ့ AI Diagnostics တို့ရဲ့ Feature အသစ်တွေဟာ ပိုမိုကောင်းမွန်ပြီး ပိုမိုအသုံးဝင်လာပါပြီ။ 

အသစ်ပါဝင်လာတဲ့ Feature လေးတွေကိုကြည့်လိုက်ကြရအောင်

🎯 Updated AR Roaming 

AR Roaming ကိိုအရင်ဗားရှင်းမှာ Floor Plan View ကြည့်လို့မရခဲ့ပါဘူး ၊ အခု အသစ်မှာတော့ Floor Plan ပါထည့်လို့ရတဲ့အတွက် မိမိရဲ့ Roaming Point တွေ လမ်းကြောင်းတွေကို ပိုပြီး တိတိကျကျ သိနိုင်တော့မှာ ဖြစ်ပါတယ်. အသုံးပြုပုံလေးတွေကို ကြည့်လိုက်ပါဦး




🎯 Updated AR HUD 

နောက်တစ်ခုကတော့ AR HUD ကို အဆင့်မြှင့်လိုက်တာပါ .. 7.0 version မှာ Switch ရဲ့ QR ကုဒ်ကိုသာ Scan ဖတ်နိုင်ပြီး AR HUD Feature ကို အသုံးပြုနိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ Remote Project တွေကိုပါ Wireless Projection နည်းပညာနဲ့ AR HUD Feature အသုံးပြုလို့ရလာတော့မှာ ဖြစ်ပါတယ်..


ဒီ Feature ဟာဆိုရင် ချိတ်ဆက်ထားတဲ့ Network အတွင်း Ruijie Reyee Product တွေမှာ တပ်ဆင်ထားတဲ့ Device တွေကိုအလွယ်တကူသိရှိစေနိုင်ပါတယ်။ မိမိသိလိုသော Device ရဲ့ QR Code ကို Scan ဖတ်ပြီး Interface Port တွေကို Scan ဖတ်ရုံဖြင့် MAC Address, Model စသည်များကိုတိကျစွာ ဖော်ပြပေးပါတယ်။


🎯 AI Heatmap 

ယခု Update မှာလည်း AI Heatmap ကိုလဲ ဆက်လက်အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် အိမ်၊ ရုံးခန်း၊ အဆောက်အဦရဲ့ Floor Plan ထည့်သွင်းပေးလိုက်ရင် အလိုအလျောက် နံရံများကိုတည်ဆောက်ပေးပြီး AP, Camera များကို နေရာအလိုအလျောက်သတ်မှတ်ပေးပါတယ်။ အိမ်၊ ရုံးခန်း၊ အဆောက်အဦရဲ့ အနေအထားအရ Wifi Signal ဘယ်နေရာထိရောက်နိုင်မလဲ? Camera တွေရဲ့ မြင်ကွင်းဘယ်နေရာထိ မြင်နိုင်မလဲ? စသည်ဖြင့် အသေးစိတ်သိရှိနိုင်ပါတယ်

အသုံးပြုပုံလေးကိုကြည့်လိုက်ပါဦး







🎯AI Diagnostics 

မိမိတို့ ရဲ့ Network အတွင်းမှာ ပြဿနာ တစ်စုံတစ်ခုရှိနေရင်လည်း  AI Diagnostics Function အလွယ်တကူသိရှိနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ Ruijie Cloud ပေါ်မှတစ်ဆင့် Network အတွင်း ရှိသော ပြဿနာများကိုအလွယ်တကူ ရှာဖွေသိရှိနိုင်ပါတယ်။



ဒါတွေကောင်းမွန်လာပြီဖြစ်လို့

Ruijie Reyee APP 7.2 Version ကို အခုပဲအဆင့်မြှင့်ပြီး နည်းပညာအသစ်တွေကို နောက်မကျရလေအောင် စတင်အသုံးပြုကြည့်လိုက်ပါဦး



0 comments:

Post a Comment