Hikvision DS-2CD2T87G2P-LSU/SL 8MP Panoramic ColorVu Bullet Camera


Hikvision DS-2CD2T87G2P-LSU/SL 8MP Panoramic 

ColorVu Bullet Camera


ထင်ရှားသောအင်္ဂါရပ်များ

  • 8MP ရုပ်ထွက်
  • 24/7 ရောင်စုံပုံရိပ်
  • 4mm focal length ~ dual မှန်ဘီလူး
  • 180° 10° အလျားလိုက် မြင်ကွင်း
  • H.265 ချုံ့နည်းပညာ
  • 130dB WDR နည်းပညာ
  • လူနှင့်ယာဉ်အမျိုးအစားခွဲခြား
  • Active strobe light နှင့် audio alarm
  • IP67 အဆင့်သတ်မှတ်ချက် (ရေနှင့်ဖုန်ဒဏ်ခံနိုင်ရည်ရှိ)


Hikvision DS-2CD2T87G2P-LSU/SL သည် ColorVu နည်းပညာပါရှိသော 8 megapixel မြင်ကွင်းကျယ် ကျည်ဆံကွန်ရက်ကင်မရာတစ်ခုဖြစ်သည်။ ဤနည်းပညာကြောင့် ကင်မရာသည် ကွက်ကွက်ကွင်းကွင်း ရောင်စုံပုံများကို 24/7 ပေးစွမ်းနိုင်သည်။


ColorVu နည်းပညာအပြင် DS-2CD2T87G2P-LSU/SL သည် မြင်ကွင်းကျယ်မြင်ကွင်းပါရှိသည်။ ColorVu နှင့် Panoramic မြင်ကွင်းနှစ်ခုလုံးဖြင့် ဤကင်မရာသည် pixel-level ရုပ်ပုံမှတ်ပုံတင်နည်းပညာနှင့် Hikvision ၏ image fusion algorithm ကိုအသုံးပြုပြီး 180° အလျားလိုက်မြင်ကွင်းကို ကျယ်ပြန့်စွာမြင်နိုင်စေရန် အသေးစိတ်ဖန်တီးထားသည်။ အသုံးပြုသူများကို ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံမှုပေးခြင်းဖြင့် ကြီးမားသောဧရိယာကို ထိထိရောက်ရောက် ဖုံးအုပ်နိုင်သောကြောင့် ကင်မရာအရေအတွက် များများ အသုံးပြန်ရန်မလိုတော့ပါ။



ပြင်ပအသုံးပြုမှုအတွက် ဒီဇိုင်းထုတ်ထားသည့် ကင်မရာတွင် ရေနှင့်ဖုန်ဒဏ်နှစ်ရပ်လုံးကို ကာကွယ်ပေးသည့် IP67 အဆင့်သတ်မှတ်ထားသောကြောင့် ကင်မရာအား ကြမ်းတမ်းသောပြင်ပရာသီဥတုအခြေအနေများကို ခံနိုင်ရည်ရှိစေရန် ကူညီပေးသည်။ 

၎င်းအပြင် တောက်ပသောအလင်းနှင့် အသံအချက်ပေးစနစ်သည် ကျူးကျော်သူများ ဝင်ရောက်မှုကို သတိပေးနိုင်ပြီး ဖေါက်ထွင်းဖျက်ဆီးမည့် အပြုအမူများကိုပါသတိပေးနိုင်သည်။


Deep Learning Functions သည် DS-2CD2T87G2P-LSU/SL ၏စွမ်းရည်များကို ထပ်လောင်းဖြည့်စွက်ပြီး သုံးစွဲသူများအား လိုင်းဖြတ်ကူးခြင်း၊ ကျူးကျော်ဝင်ရောက်ခြင်း၊ ဝင်ပေါက်နှင့် ထွက်ပေါက်အပါအဝင် သတ်မှတ်ထားသော ပစ်မှတ်အမျိုးအစားများ၊ လူနှင့် ယာဉ်ဖြင့် အချက်ပေးသံများ ထွက်ပေါ်လာခြင်းကို ပံ့ပိုးပေးသည်။

0 comments:

Post a Comment